အပိုင်း(1)
ကျမအမည်ကမိုင်...
သာမာန်ဘွဲ့တစ်လုံးရပြီးအလုပ်မရှိတဲ့လူတစ်ယောက်...
အလုပ်မရှိတာထက်ကျမကိုယ်တိုင်ကမလုပ်တာ
ကျမမှာနာမကျန်းဖြစ်နေတဲ့အမေနဲ့ကျောင်းနေတဲ့ညီမတစ်ယောက်ရှိတယ်
သာမာန်ဘွဲ့တစ်လုံးလက်ကိုင်ထားပြီးအမေ့ဆေးစားရိတ်၊ညီမလေးကျောင်းစရိတ်၊အိမ်ရဲ့အထွေထွေစရိတ်၊ဘက်စုံတွေစရိတ်ေတွကသူတို့ပေးတဲ့လခနှစ်သိန်း၊သုံးသိန်းတည်းနဲ့လောက်တဲ့ဟာမဟုတ်
ပိုက်ဆံလိုအပ်နေတဲ့ကျမကသူများဆီကမတရားယူတာမျိုးတွေတော့လုံးဝမလုပ်ဖြစ်၊အနည်းဆုံးကိုယ့်လုပ်အားဆိုတဲ့ခေါင်းစဉ်အောက်မှာရိုးရိုးသားသားလိုချင်တာမျိုး
ဆိုတော့ကာငွေလိုကြမ်းတဲ့ကျမအတွက်ကျမသူငယ်ချင်းကလူတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့တယ်...သူငယ်ချင်းဆိုတာထက်ကိုယ့်အမရင်းတစ်ယောက်လိုမျိုး၊ကျမလိုအပ်သမျှနိုင်သလောက်လေးဖြည့်ဆည်းပေးတတ်သူပေါ့
Sexအတွက်လားဆိုတော့သူကခေါင်းခါပြတယ်...
မဟုတ်လို့လားဆိုတော့၊ဟုတ်တော့ဟုတ်တယ်တဲ့
အဲတာနဲ့သူပြောပြတဲ့နာခံတာ၊ဘာဖြစ်တာ၊ညာဖြစ်တာ၊ငြင်းဆန်လို့မရတာတွေစုံတကာစေ့တဲ့နောက်ကျမအသာလေးရပ်ခိုင်းလိုက်တယ်
အဓိကကတော့သူပြောတာတွေတစ်ခုမှကျမနားမလည်သလို၊နားလည်းမဝင်ဘူး...
ပြောရရင်ကွာ...sexတော့sexပဲ
အိပ်ယာပေါ်တက်အိပ်ပေးရုံနဲ့ပြီးသွားတဲ့sexမဟုတ်ဘူး...
နားလည်ရဲ့လားမသိ...ပြောရရင်မိုင်လည်းနားမလည်...ထားလိုက်ကြတာပေါ့...နောက်ကျရင်လည်သွားလိမ့်မယ်...
ပြီးတော့ဆက်သွယ်တဲ့partnerကမိန်းကလေးပါတဲ့
မိုင်စဉ်းစားမိတာမိန်းကလေးချင်းဆိုတော့မဆိုးပါဘူးဆိုပြီးတော့ပေါ့
'ထားပါတော့လေ
မဖူးရှာပေးတာဆိုတော့၊အဆင်ပြေမှာပါ၊လိုအပ်တဲ့ငွေရဖို့အတွက်စိတ်အလိုလိုက်နေလို့မှမဖြစ်ပဲ'
ဘုရားသခင်ကိုတော့ပုခုံးပေါ်ကတာဝန်ကိုအကြောင်းပြချက်ပေးရင်းဝန်ချလိုက်သည်။
အခုဆုံးဖြတ်ချက်မှစပြီးကိုယ်တော်သမီးဟုခံယူ၍ထိုက်တန်သေးရဲ့လားမိုင်မသိ...
တကယ်ပါ...တာဝန်တွေဟာသမီးပုခုံးပေါ်မှာမလို့ဖခင်ဘုရားသခင်ခွင့်ပြုပေးပါ အာမင်...
++++++++++++++++++++++++++++++++++++++
စနေနေ့ရောက်တော့မဖူးကလာခေါ်တယ်နင့်partnerနဲ့မိတ်ဆက်ပေးမယ်တဲ့...
ဒီနေ့သူနဲ့ချိန်းထားတယ်ဆိုတော့ကျမပျော်သွားတယ်...
ပိုက်ဆံဆိုတဲ့သကောင့်သားမရှိလို့ဆိုင်မထိုင်ဖြစ်တာဘယ်လောက်ကြာပြီလဲတောင်မသိ
'ဆိုင်ရောက်မှအဝစားထားရမယ်။သူကbossဆိုတော့သူရှင်းမှာပေါ့'
စိတ်ကူးရင်းတောင်ဗိုက်ကဆာလာသလိုလို...
Taxiတစ်စီးငှားလိုက်တဲ့မဖူးကိုကြည့်ပြီးကျမမေးမိတယ်...
"Busနဲ့သွားလို့မရဘူးလားမဖူး...taxiခကြီးကနှမျောစရာကြီးရယ်"
"Busနဲ့သွားလို့ရတဲ့နေရာမဟုတ်ဘူးမိုင်လေးရဲ့၊ဟိုရောက်ရင်သိလိမ့်မယ်"
"အွန်း၊ပြီးရော"
"ဟိုရောက်ရင်ကောင်းကောင်းဆက်ဆံနော်မိုင်လေး...မဖူးရှေ့မှာလိုကလေးဆန်နေလို့မရဘူး...မဖူးမျက်နှာမပျက်စေနဲ့နော်"
"ဟုတ်"
ကားရပ်လို့ကြည့်လိုက်တော့
Wth?
မျှော်လင့်ချက်တွေဟာဒယ်အိုးပူထဲကျသွားမိတဲ့ရေစက်လက်လေးလိုတငွေ့ငွေ့ကိုပြောက်လို့...
မျက်စိရှေ့မှာမြင်နေရတာကိုမယုံနိုင်...
ဘယ်လိုသောက်ကျိုးနည်းချိန်းတွေ့မှုကြီးတုန်း...
အဲဒီမမြင်ရဖူးသေးတဲ့ပါတနာကသူcondoကြီးကိုချိန်းပြီးငါကိုတစ်ခါတည်းအိပ်ယာပေါ်ဆွဲတင်ချင်နေတာများလား...
Busစီးမသွားသင့်တဲ့နေရာဆိုတော့ဘယ်လိုကြီးကျယ်ခမ်းနားတဲ့ဆိုင်တွေ၊hotelတွေမှာချိန်းပြီးကျွေးမွေးမလို့ပါလိမ့်ဆိုပြီးစိတ်ကူးထဲတိုက်ဆောက်ခဲ့သမျှသူ့condoကိုတဲ့လား...
"မဖူးသူချိန်းတွေ့တာကသူ့condoကိုလား"
"အင်းလေ...ဒါမှရှင်လေးကိုတစ်ခါတည်းစမ်းသပ်လို့ရမှာပေါ့"
"ဟမ် ဘယ်လို ဘာကို ဘာပြောတယ်ဘာကိုစမ်းသပ်မှာလဲ ချိန်းတွေ့တဲ့နေ့မှာတင်သူကမိုင့်ကိုအိပ်ယာပေါ်ဆွဲတင်တော့မလို့လား"
"ဘာတွေလျှောက်ပြောနေတာတုန်းဟိုကမိကောင်းဖခင်သားသမီးပါဟဲ့၊ဘာကိစ္စရှင့်ကိုအိပ်ယာပေါ်ဆွဲတင်မှာလဲ၊မိုင်နော်ပေါက်ကရမတွေးစမ်းနဲ့"
"ဒါဆိုသူကဘာကိုစမ်းသပ်မှာတုန်း"
"မဖူးလည်းမသိဘူးလေ၊မိုင်လေးသူ့ဆီရောက်ရင်သိမှာပေါ့၊သူကအကျင့်စာရိတ္တကောင်းကောင်းလေးပါ partnerမဖြစ်ခင်နင့်ကိုမဟုတ်တာလုပ်မှာမဟုတ်ပါဘူးမဖူးအာမခံတယ်"
"ရောက်ပြီ သေချာဆက်ဆံနော်မိုင်လေး"
"ဟုတ်"
ဘယ်နှစ်လွှာသို့မှန်းပင်မသိဓာတ်လှေကားစီးတက်လာပြီးနောက်...
အခန်းတစ်ခုရှေ့မှာမဖူးကbellသွားတီးနေသည်...
ကိုယ်လည်းအလုပ်မရှိအကိုင်မရှိငေးမိငေးရာငေးရင်းသန့်ရှင်းသန့်ရပ်စီးစနစ်ကျသောပတ်ဝန်းကျင်ကိုသာအားကျကျနဲ့လိုက်ကြည့်နေမိသည်။အရာအားလုံးဟာတိတ်တဆိတ်နဲ့နေရာတကျ...ရှူခင်းတွေကလည်းကြည့်မဝစရာတွေ...လူချမ်းသာတွေများနော်...
"မိုင်လေး ဘာရပ်လုပ်နေတာလဲ လာတော့လေ"
"ဟုတ်မဖူး"
အငေးကောင်းပြီးသူဌေးမလေးရုပ်တောင်မမြင်လိုက်ရ...
အခန်းထဲရောက်တော့တစ်ယောက်ထိုင်sofaလေးမှာခြေချိတ်ထိုင်နေသောမိန်းကလေးတစ်ယောက်...
မိုင်အံဩရပြန်သည်...
စိတ်ထဲမှာမှတ်ချက်ကတစ်ခုပဲရှိသည်။
''တော်တော်သေးတယ်''
အပြင်ကိုပါလွှတ်ခနဲထွက်သွားတော့သူကမော့ကြည့်သည်။
"မိုင်ဆိုတဲ့တစ်ယောက်ထင်တယ်...ထိုင်လေ...ပြီးတော့ကျမကအသက်ပြည့်ပြီးသားပါစိတ်ပူဖို့မလိုပါဘူး"
မိုင်လူမိသွားသဖြင့်မချိသွားဖြဲလေးအသံတိတ်ရယ်ပြလိုက်ကာကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။
'ပိတ်ထားစမ်းပါးစပ်,အဲတာလေးကသေးပေမဲ့နင့်သူဌေးဟဲ့'
ကိုယ့်ဘာသာအသာသတိပေးရင်းတိတ်တဆိတ်ပွဲကြည့်အရိတ်သတ်လုပ်ရန်သာဆုံးဖြတ်လိုက်တော့သည်။
"မဖူးရောထိုင်လေ"
"ကျေးဇူးငယ်"
"အင်း ရပါတယ်"
"အဲတာမဖူးပြောပြထားတဲ့မိုင်လေ...သူအကြောင်းငယ်သိသင့်သလောက်သိပြီးပြီလို့မဖူးထင်တယ်"
"အင်း...ငယ်သိတယ်"
"ဒါဆို ငယ်ဘယ်လိုဆုံးဖြတ်မလဲ...အဆင်မပြေရင်လည်းအားမနာလို့ရပါတယ်"
"ငယ်အဆင်ပြေပါတယ်၊သူ့ဘက်ကရောအဆင်ပြေရဲ့လား...ငယ်ဘာလို့အခုလိုရေရှည်အတွက်လူရှာလဲဆိုတာမဖူးအသိဆုံးပါ...အဓိကကငယ့်ရဲ့partnerကိုငယ်ကိုယ်တိုင်trainချင်လို့ပါ...သူကခံနိုင်ပါ့မလားမသိ...ဒါကြောင့်သူဆုံးဖြတ်ပါစေ..."
"ဘယ်လိုလဲမိုင်လေး...အခုဟာကမိုင်လေးဆုံးဖြတ်ရမှာ"
"ဟုတ် မိုင်ဘာပဲလုပ်ပေးရ၊လုပ်ပေးရပါ၊မိုင့်လုပ်အားနဲ့ညီတဲ့ငွေamountကိုမိုင်ရရင်တော်ပါပြီ"
"အိုကေလေ...မဖူးသူ့ကိုငယ်အိမ်ပြန်ပို့ပေးလိုက်ပါ့မယ်...သူနဲ့နှစ်ယောက်တည်းကိစ္စနည်းနည်းဆွေးနွေးဖို့နဲ့စမ်းသပ်ဖို့ဒီနေ့ငယ်သူ့ကိုလိုတယ်...မဖူးပြန်ဖို့လူခေါ်ပေးရမလား"
"ရပါတယ်ငယ်...မဖူးပြန်လိုက်မယ်...
မိုင်လေးလည်း သေချာနေနော် မေကြီးအတွက်မပူနဲ့မဖူးကြည့်ထားပေးမယ်"
"ဟုတ်မဖူး ကျေးဇူးပါ"
+++++++++++++++++++++++++++++++++++++++
"မမိုင်အသက်ဘယ်လောက်လဲ"
"25ပါ"
"ဒါဆိုငယ့်ထက်ကြီးတာပေါ့...နစ်နှစ်လောက်ကြီးတယ်"
"ဟုတ်"
"မလို့ပဲခေါ်မယ်နော်.."
"သူဌေးသဘောပါ"
"ငယ်လို့ပဲခေါ်ပါ"
"ဟုတ်"
"မကိုခေါ်သွားစရာရှိတယ်"
"ဟုတ်"
ပြောရင်းထသွားကာlong coatတစ်ထပ်ထပ်ဝတ်လိုက်တာနဲ့အပြင်သွားမယ့်ပုံစံဟာပြီးပြည့်စုံသွားသလိုလို...
ခုနကဂျင်းဘောင်းဘီဒူးဖုံးလေးနဲ့T shirtပြောင်လေးဝတ်ကာအိမ်နေရင်းပုံစံနဲ့လွတ်လပ်နေသောသူကခုlong coatတစ်ထည်ထပ်ဝတ်လိုက်တော့အပြင်ထွက်ဖို့လူငယ်ပုံစံအပြည့်နဲ့သွက်သွက်လက်လက်...
မိုင်တို့ပထမဆုံးရောက်တာကGYMသင်တန်းတစ်ခုကို...
"မ ဆင်းလေ ဘာတွေလိုက်ကြောင်ကြည့်နေတာလဲ"
"ဟုတ်...ဒါနဲ့လေ အဲတာကငယ်တက်မှာလား"
"မဟုတ်ပါဘူး...တက်ရမှာ"
"ဟမ်...ဘာဆိုင်လို့တုန်း..."
ဟုတ်တယ်လေ အိပ်ယာပေါ်အိပ်ဖို့များ gymသင်တန်းပြေးရလောက်အောင်ထိလိုလို့လား...
အတွေးနဲ့တင် ထိုbossအသေးစားကိုရိုက်သတ်ချင်လာသည်။
"ဆိုင်တယ်လေ မကနည်းနည်းပြည့်နေတယ် အဲတာကကျန်းမာရေးအတွက်မကောင်းဘူး လေ့ကျင့်ခန်းပုံမှန်လုပ်ရင်ခန္ဓာကိုယ်လည်းကျစ်လစ်မယ်...ကျန်းမာရေးလည်းကောင်းမယ်"
"မလုပ်ချင်ပါဘူး ဝနေလည်းဘာဖြစ်တုန်း
ချစ်စရာကောင်းတဲ့လူကဘယ်လိုနေနေချစ်ဖို့ကောင်းပြီးသား"
"မရဘူး ငယ်ကမအလုပ်ရှင်နော် ငယ်ခိုင်းတာလုပ်"
စူပုတ်ပုတ်နဲ့ငြိမ်သက်သွားသောအနှီကလေးမကျ၊လူကြီးမကကိုကြည့်ကာသက်ပြင်းအသာချရင်း
'အင်း...ငါတော်တော်ထိန်းရမှာပါလား'
ဆိုင်ထဲကိုလိပ်သွားသလိုဘောက်ဆက် ဘောက်ဆတ်နဲ့မရွေ့ချင်ရွေ့ချင်လုပ်နေသည့်မကိုလက်ကနေအသာဆောင့်ဆွဲပြီးခက်မြန်မြန်ဝင်ခဲ့လိုက်သည်။သွားစရာရော၊လုပ်စရာပါကျန်သေးသည်။ဒီတစ်ဆိုင်နဲ့အချိန်ကုန်ခံလို့မဖြစ်...
"warrr ငယ် မလာစဖူး အလာထူးပါလား..."
"ဟုတ်တယ်ပန်း...မိတ်ဆက်ပေးရဦးမယ် အဲတာငါ့ချစ်သူမိုင်တဲ့...
မအဲတာငယ့်အချစ်ဆုံးသူငယ်ချင်း ပန်းချစ်ပါ ငယ်ခေါ်သလိုပန်းပဲခေါ်ပေါ့"
ခုမှတွေ့ဖူးကာစကိုသူ့ချစ်သူခေါင်းစဉ်အောက်သွတ်သွင်းလိုက်သောထိုbossအငယ်စားကိုမကျေမနပ်မျက်စောင်းပိတ်ဆိုးလိုက်မိသည်။
" nice to meet you "
ပြုံးလျက်လက်ကမ်းလာသောကောင်မလေးကိုအားနာသဖြင့်လက်ဆွဲနှုတ်ဆက်လိုက်ရသည်။ထိုbossအငယ်စားကိုမကျေနပ်သေး...
"me tooညီမ"
"အဲတာ မ ကိုနင့်သင်တန်းမှာအပ်ချင်လို့လေ အားမနာပဲနဲ့train သာtrain သူလက်မခံတာ လိုက်မလုပ်တာရှိရင် ငါ့ကိုပြန်ပြောပန်း
ငါသူလက်ခံလာအောင်ပြောပေးမယ်"
"အင်းပါ အမကငါtrainတာလုပ်နိုင်ပါ့မလား "
"မနိုင်ဘူးဆိုတာဘယ်ရှိမလဲ သူမနိုင်တာတွေကိုငါ့ကိုphဆက်ပြောလေ ငါအားတဲ့ချိန်trainကြည့်ထားပေးမယ်"
"အင်း"
"ဒါဆိုငါသွားစရာရှိသေးလို့ပြန်တော့မယ်"
ကိုယ့်သဘောတစ်ခုမှမမေး ကိုယ့်ကိုအရုပ်တစ်ရုပ်လိုဆက်ဆံဖို့တိုင်ပင်နေကြသောထိုနှစ်ယောက်ကိုမိုင်စိတ်ကမကြည်ချင်တော့...
သူနဲ့ကိုယ်ပက်သက်မှုကsex dollအဆင့်ဆိုတာမှန်ပေမဲ့ ခံစားချက်ရှိတဲ့လူပဲလေ ကိုယ့်ကိုအလေးထားမေးမြန်းတာကိုတော့လိုချင်မိတာပေါ့
ရောက်ကတည်းကသူတို့စိတ်နဲ့သူတို့ပဲပြောဆိုဆွေးနွေးနကြတာကိုယ့်ပင်သတိမရကြ...
ကားရပ်လို့အပြင်ကြည့်လိုက်တော့ ဆိုင်သေးသေးလေးတစ်ဆိုင်
ဘာဆိုင်မှန်းလည်းမသိ ကိုယ်လည်းခုနကဟာအစာမကြေတာနဲ့လိုက်မဆင်းချင်တော့ သူကလည်းမခေါ်ပါ...
"ဘုတ်"
နောက်ခန်းထဲပစ်ထည့်လိုက်သောအိတ်ကိုလိုက်ကြည့်ရင်း
"အဲတာကဘာလဲငယ်"
"ကြိမ်လုံး"
"ဟင် ဘာလုပ်မှာလ"
"မ ပြောမရဆိုမရနဲ့လက်ပေါက်ကပ်လာရင်ရိုက်ဖို့"
"အဲလိုရမလား ကျမကကလေးလည်းမဟုတ်ဘူး ပြီးတော့ရှင်ကလည်းကျမထက်အကြီးမဟုတ်ဘူး"
"မဖူး ဘာမှပြောမပြထားဘူးလား"
"မဖူးနဲ့ဘာဆိုင်လဲ မဖူးကပြောတယ် ကျမကနားမလည်တာ"
"အင်း အခုငယ်တို့စကြမယ့်ဆက်ဆံရေးကငယ်တာကြီးတာနဲ့မဆိုင်ဘူး
အဓိကက ငယ်ပြောသမျှမနာခံနေဖို့လိုတာ၊နာခံနေရမှာ၊မသဘောမကျရင်ငယ်တို့ရဲ့သဘောတူညီမှုကိုလက်မခံလို့ရတယ်နော်"
ငယ်အခုလိုပြောတော့လည်းအရင်ဆုံးပြေးမြင်မိတာကအမေ့မျက်နှာ...ညီမလေးအတွက်ကုန်ကျစရိတ်...
ဟူး...သူ့အရပ်နဲ့သူ့ဇာတ်ပေါ့ ပေးထားတဲ့ငွေဟာမက်လောက်စရာမလို ကြပ်တည်းတဲ့အခြေအနေမှာသူကြိုးဆွဲရာမိုင်ကပါဦးမည်။
သူ့အခန်းရောက်တော့
မ အဲမှာမလိုက်နာရမယ့်စည်းကမ်းစာရွက်
"ဖတ်ကြည့်ပါဦး...
ဖတ်ပြီးမျက်လုံးပြူးလာသောမိုင်...
လေ့ကျင့်ခန်းလုပ်ဖို့၊သင်တန်းမပျက်မကွက်တက်ဖို့မစားရတဲ့အစားအစာ...
"ဒါကဘာကြီးလဲ အဲတာတွေအကုန်လိုက်နာနေရင်ကျမကဘာစားရတော့မလဲ၊
လေ့ကျင့်ခန်းရောပဲခုနသင်တန်းအပ်ပြီးပြီလေ ထပ်လုပ်စရာလိုသေးလို့လား"
"လိုလို့ ခိုင်းနေတာပေါ့ မရှည်နဲ့ခုလောလောဆယ် အဲsofaပေါ်မှောက်ထားလိုက်"
"ဘာလုပ်မှာလဲ "
"မှောက်လိုက်ပါ မကိုပထမဆုံးအရသာမြည်းခိုင်းမလို့ စည်းကမ်းတွေလိုက်မလုပ်ရင်ရမယ့်အရသာလေ မလုပ်ချင်ဘူးလို့စိတ်ကူးမိရင်အခုငယ်ပေးတဲ့အရသာကိုအမှတ်ရပါ"
မိုင်လည်းဘုမသိ ဘမသိမှောက်ပေးလိုက်တော့သူကမိုင့်နောက်ပိုင်းမှာကြိမ်လုံးဆွဲကိုင်ကာနေရာယူသည်။ ဘာလဲဟ အခုကငါ့ကိုရိုက်မှာလား ငါဘာမှမလုပ်ရသေးဘူးလေ အတွေးလေးပင်မဆုံးလိုက်ရ
"ရွှမ်း
အမလေး အားလား"
မိုင်ထူပူသွားသောတင်ပါးကိုသက်သာလိုသက်သာညားဖိပွတ်နေမိသည်။
"ဘယ်သူ ရပ်ခိုင်းလို့လဲ ပြန်မှောက် အပြစ်လုပ်တော့မယ်ဆိုရင်အခုအရသာကိုမှတ်ထား အခုကပထမဆုံးမလို့အဝတ်ကပ်ခွင့်ပေးတာနော်...
နောက်ကျလို့ပြန်ပြောတာတွေ၊ကလန်ကဆန်တွေလုပ်ရင်တစ်ကိုယ်လုံးချွတ်ခိုင်းပြီးရိုက်မှာ..."
"ရွမ်း
အီး နာတယ်"
သေးသေးလေးနဲ့လက်ဆကအဲလောက်ပြင်းနေရသလား...ကိုယ့်မှာကြိမ်တို့ခံတိုင်း အသားတစ်စဟာကြိမ်လုံးအဖျားမှယကပ်ပါသွားသလိုမျိုး...
"ရွှမ်း
အား "
"ငယ်တော်ပါတော့နော် မမနာတယ် မရိုက်ပါနဲ့တော့ ရိုက်လည်းအရိုက်မခံဖူးလို့ပါ ဒီလောက်နဲ့တော်ပေးပါနော် မှတ်ထားဆိုမမမှတ်ထားပါ့မယ်"
မျက်ရည်မျဝဲကာပြောလာသောမကိုသနားပေမဲ့လည်းအစကောင်းမှနှောင်းသေချာမှာမို့...
"အောင့်ခံမ ဆယ်ချက်ပဲရိုက်မှာ"
"ရွှမ်း
အား အီး"
"မလုပ်ပါနဲ့မနာလို့ပါ"
"မကာနဲ့နော်မ ပြီးမှငယ့်အဆိုးမဆိုနဲ့ကာတဲ့လက်ပါပေါင်းရိုက်ပစ်မှာ"
"ရွှမ်း
အား အဟင့် အဟင့်"
တကယ်ပင်ကာထားတဲ့လက်အဖျားလေးကိုရိုက်ထည့်လိုက်တာမလို့လက်ဖျားတစ်ခုလုံးကျဉ်တက်သွားသလိုအသားကုန်နာသွားရသည်။
မိုင်မကာရဲတော့...
Sofaကိုသာအားရှိသလောက်လေးဖိကိုက်ရင်း နောက်ထပ်ကျလာမယ့်ကြိမ်ချက်တွေဆီအာရုံစုထားမိသည်။တင်ပါးတစ်ခုလုံးကနောက်ထပ်ရိုက်ချက်ကိုလက်အခံချင်လောက်အောင်ထူအန်းနေလျက်...
"ရွှမ်း အ
ရွှမ်းရွှမ်း အီး"
နောက်ဆုံးနှစ်ချက်ကိုနဂိုရိုက်ထားလို့အနီရဲဆုံးသောအရှိုးရာနှစ်ချက်ပေါ်သို့
"ရွှမ်း ရွှမ်း"
"အီး ကြောက်ပါပြီငယ်ရဲ့"
လူလည်းထပ်နာမှာကြောက်ပြီးပါးစပ်ကထွက်ရာထိုသေးသေးလေးခြေထောက်ကိုဖက်လျက်တောင်းပန်မိတော့သည် အရှက်ဆိုတာပျောက်သလောက်နီးပါး
အဝတ်ခံထားတာတောင်ဒီလောက်နာနေတာအဝတ်မဲ့သာဆိုရင်တော့မိုင့်ဘဝဟာမတွေးရဲစရာ
Sofaလေးမှာပဲခဏလောက်မှောက်နားရင်း...
"ဒီနေ့ဒီလောက်ပဲ အိမ်ပြန်ပို့ပေးမယ်"
"ဟုတ်"
အသာလေးထထိုင်ဖို့လုပ်တော့မိုင်မတ်ခနဲဖြစ်သွားသည်...
အမလေး နာလိုက်တဲ့ဖြစ်ခြင်း...
သူဘေးငြိမ်ငြိမ်လေးထိုင်ရင်းနာနေသမျှကိုအံလေးကြိတ်ကာခံနေရသည်။လူကိုမညှာမတာရိုက်တာများ တင်ပါးဟာထိလို့ပင်မခံနိုင်တော့...
ကားပေါ်ကဆင်းခါနီးတော့သူကမိုင့်လက်ကိုအသားဆွဲထားသဘ်။လှည့်ကြည့်လိုက်တော့
"ရော့ ဒီဆေးလေးလူး အဲတာကသက်သာတာမြန်တယ်"
"မသက်ခိုင်းစေချင်လို့ရိုက်တာပဲမလား ဘာလို့ဆေးပေးနေသေးလဲ"
"လူကိုကန့်လန့်လုပ်ပြီး အရိုက်ခံရတာကမနာလို့နေမယ်"
တင်ပါးအနာကိုတွေးမိတော့မိုင်တံတွေးအစာမြိုရင်း
"မဟုတ်ပါဘူး လိမ်းမှာပါ သွားတော့မယ်ငယ် ဂရုစိုက်ပြန်ပါ..."
"မ မနက်ဖြန်ခုနှစ်နာရီတွေ့မယ်နော်"
"ဟုတ်"
ဖြစ်ချင်တာကမှောက်မအိပ်တတ်သောမိုင်ဟာ တင်ပါးအနာနဲ့မလို့ပက်လက်မအိပ်နိုင်...
အသက်ရှူကြပ်သလိုလိုထထဖြစ်ရင်းညနက်မှအိပ်ပျော်သွားသောမိုင်ဟာ...
မနက်လင်းလို့နာရီကြည့်ရင်၈နာရီထိုးတဲ့...
ဆက်ရန်...

No comments:
Post a Comment