" ငွေစက္ကူပေါ်မှာလဲလှယ်ခွင့်ရှိကြောင်းအာမခံသည့်
မောင်ကောင်း "
ကုန်းဘောင်ခေတ်က ကင်းဝန်မင်းကြီး ဦးကောင်းလို
ပညာတတ်ကြီးဖြစ်ပါစေတော့ဟူသော အတိတ်နမိတ်
ကောင်းဖြင့်လူကြီးမိဘတို့က မောင်ကောင်းဟု အမည်
မှဲ့ခေါ်ခဲ့သော ပညာမင်းကြီးဦးကောင်းသည် မြန်မာနိုင်
ငံ၏ ပညာရေး ကဏ္ဍကို ထိရောက် အောင်မြင်အောင်
ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ကြီးဖြစ်သည်။
ဦးကောင်းသည်မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာအဖွဲ့တွင်
ကြီးကြပ် ဆောင်ရွက်သည့် အဖွဲ့တွင် ပါဝင်ခဲ့သည်။
ထိုစဉ်က မြန်မာ့ငွေစက္ကူများတွင် " လဲလှယ်ခွင့် ရှိ
ကြောင်း အာမခံသည်"ဆိုသောစာနှင့်အတူ "မောင်
ကောင်း"ဟူသောလက်မှတ်ပါရှိသည်။ဆရာကြီးဦး
ကောင်း၏နောက်တွင်ထိုတာဝန်ကိုဦးစံလင်းကယူ
ရသည့်အတွက် ငွေစက္ကူများတွင် "စံလင်း "ဟူသော
လက်မှတ်ကိုလည်းတွေ့ရမည်ဖြစ်ပါသည်။
ဦးကောင်းကိုမြန်မာသက္ကရာဇ် ၁၂၆၆ ခု၊သီတင်းကျွတ်
လဆုပ်(၇)ရက်နေ့( 30.10.1904 )တွင် မြင်းခြံမြို့နေ
ယစ်မျိုးဝန်ကြီးဦးဘသော်နှင့်ဒေါ်ကြင်မြိုင်တို့မှမွေးဖွား
ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် အဂ်လိပ်ဘာသာကိုအထူး
ဂုဏ်ထူးဖြင့် ဘီအေအောင်မြင်ခဲ့သည်။ဦးကောင်းကို
အဂ်လိပ်အစိုးရက နိုင်ငံခြားပညာတော်သင် အဖြစ်
လန်ဒန်ယူနီဗာစီတီရှိ " ကင်း "ကောလိပ်ကျောင်း
(King’s College)သို့စေလွှတ်ရာ ၁၉၂၇ ခုနှစ်တွင်
ဒီပလိုမာဘွဲ့နှင့်၁၉၂၉ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို
ပထမအဆင့်မှအောင်မြင်ခဲ့သည်။"ရှေးအကျဆုံး
ခေတ်မှ ၁၉၂၉ ခုနှစ်အထိ မြန်မာပြည်၏ပညာရေး
သမိုင်းကြောင်းလေ့လာချက်"ကျမ်းကိုရေးသားခဲ့
သည်။
ဦးကောင်းသည် ကျောင်းအုပ်၊လက်ထောက်ပညာ
ဝန်ထောက်၊ပညာဝန်ထောက်၊အထက်တန်းကျောင်း
အုပ်ကြီး၊ပထမဆုံးပညာရေးအရာရှိချုပ်၊ခရိုင်ပညာ
ရေးအရာရှိ၊လက်ထောက်ပညာမင်းကြီး၊အထက်
တန်းပညာရေးရာအကြံပေးအရာရှိတာဝန်များထမ်း
ဆောင်ခဲ့သည်။ထို့အပြင်မြန်မာနိုင်ငံတော်ငွေကြေး
ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။
ဦးကောင်းသည် အိန္ဒိယနိုင်ငံတွင်ပညာရေးကိစ္စအ
တွက်သွားရောက်ရင်း မတော်တဆ "ကားအက်စီး
ဒင့် "ဖြစ်ပြီးကွယ်လွန်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင်
ဦးကောင်းအားပြည်ထောင်စုမြန်မာနိုင်ငံတော်အ
စိုးရက "စည်သူဘွဲ့"ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနာယကအဖြစ်
တာဝန်ထမ်းဆောင်သောဒေါက်တာဦးသော်ကောင်း
သည် ဦးကောင်း၏သားဖြစ်ပြီး နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်လက်ထက်ကဒေါက်တာဦးသော်ကောင်း
ကိုလည်း "စည်သူဘွဲ့" ချီမြှင့်ခဲ့ပါသည်။ ဒေါက်တာ
သန့်သော်ကောင်း(Myanmar Book Canter)မှာ
ပညာမင်းကြီးဦးကောင်း၏မြေး၊ဒေါက်တာဦးသော်
ကောင်း၏သားဖြစ်ပါသည်။
ဝင်းကျော်ဦး(မြန်မာစာ)
စာကိုး-
(၁) မောင်ကောင်း စံလင်းနှင့်အတူ(မောင်ခင်မင်-ဓနုဖြူ)
(၂)ဦးသော်ကောင်း(မောင်စွမ်းရည်)
Credit - Win Oo
Kyaw Nyunt
No comments:
Post a Comment